US မှာ Tik Tokကို တကယ်ပဲဖျက်သိမ်းတော့မှာလား

Posted on
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က US မှာ Tik Tok ကို ပိတ်ပင်သွားတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Tik Tok နဲ့ ပတ်သတ်ပြီးထရန့်ပြောကြားခဲ့တာကတော့ “ကျွန်တော့်တို့ဟာ မကြာခင်မှာ Tik Tok ပရိုဂရမ်ကို US မှာပိတ်ပင်သွားတော့မှာပါ”။ အမေရိကန်နိုင်ငံက Tik Tok သုံးစွဲသူတွေရဲ့ အချက်အလက်တွေပေါက်ကြားမှာစိုးတဲ့ အတွက်ပိတ်ပစ်ဖို့ လုပ်ခဲ့တာလို့ သိရပါတယ်။ အရင်တုန်းကလည်း သမ္မတထရန့်ဟာ အခုလိုမျိုးခြိမ်းခြောက်မှုတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တကယ်လုပ်ခဲ့တာ မဟုတ်ပဲ ခြိမ်းခြောက်ရုံသက်သက်သာဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ သမ္မတဟာတကယ်ပဲပိတ်ပင်သွားမလားဆိုတာတော့ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ယခင်လ အစောပိုင်းက အမေရိကန်တွေဟာ Tik Tok ကို Play Store မှ ဒေါင်းလုပ်ချသင့် မချသင့်ကိုမေးမြန်းခဲ့ရာ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ပွန်ပီအိုက “မင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တရုတ်တွေကို ပေးလိုက်ချင်တယ်ဆိုရင် ဒေါင်းလုပ်ချပြီး သုံးကြ” ဟုပြောကြားခဲ့ပါတယ် ByteDance(Tik Tokထုပ်လုပ်သော company) ဘက်က ပြောဆိုချက်တွေအရ သူတို့ဟာ Tik Tok သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို US နဲ့ Singapore ဆာဗာတွေမှာ ထားပြီး တရုတ်ကို သယ်ဆောင်မသွားဘူးလို့ပြောထားပါတယ်။ ဒါပေမဲ့လည်း သံသရှိသူတစ်ချို့ကတော့ တရုတ် company တွေဟာ အစိုးရဘက်က အချက်အလက်တောင်းရင်ပေးရမယ်ဆိုတဲ့ ၂၀၁၇ ခုနှစ်က တရုတ်မှာထုတ်ပြန်ခဲ့တဲ့ ဥပဒေတစ်ခုကို ထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က USမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီက နိုင်ငံသားတွေရဲ့အချက်အလက်တွေ လုံခြုံမှုရှိစေဖို့ ByteDance company နဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ် ။ သောကြာနေ့က ထရန့်ပြောကြားခဲ့တာက Tik Tok Company ဘက်က သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဘယ်ပုံဘယ်နည်းသိမ်းဆည်းတယ်ဆိုတာ သေသေချာချာမသိရရင်တော့ သူ့ရဲ့ အခွင့်အာဏာကိုသုံးပြီး ပိတ်ပင်ဖြစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *